2.02.2013

လေလွင့် လိပ်ပြာ (ခပ်တည်တည်နဲ့တင်စားကြည့်တာ)

လေလွင့် လိပ်ပြာ (ခပ်တည်တည်နဲ့တင်စားကြည့်တာ)

" ရောက်တတ်ရာရာ ထွေရာလေးပါ၊ သြော် ညည်းချင်း
101 ပါးပါလား!!! "

စာလေးနည်းနည်းလောက်
ချရေးဖို့စဉ်းစားကြည့်မိတယ်။ ဘာရေးမှန်းလဲမသိဘူး။ စိတ်ညစ်တာကတော့ အများကြီးပဲ။
သူများရေးတာကို ကူးချတာလွယ်ပေမဲ့ ကိုယ့်ခံစားချက်နဲ့ကိုယ်ရေးဖို့ ဘယ်လိုမှအစရှာလို့မရဘူး။ အသည်းကွဲတာရေးဖို့လည်း ဘ၀အပူကများပါ့။

ကုန်ဈေးနှုန်းအပြစ်ပြောရအောင်ကလည်း၊ ကိုယ်နဲ့
တိုက်ရိုက်မပတ်သက်။ မိဘအကြောင်းရေးရအောင်လည်း ကိုယ်က ကျေးဇူးလေးတောင် မဆပ်နိုင်၊
အပူတွေပဲပေးမိ။ စီးပွားရေးလေးအဆင်မပြေတာ ငိုချင်းချခြင်တော့လည်း သူငယ်ချင်းတွေကမှန်အနက်ကားကြီးတွေနဲ့၊ ခွက်ကလေးတစ်ခွက်နဲ့ ဖြစ်ချင်ရာဖြစ် ရောက်တတ်ရာရာ လျှောက်သွား
ရအောင်ကလည်းဂုဏ်သိက်ခါဆိုတဲ့ တံတိုင်းကြီးနဲ့။


အရက်သောက်ဖို့ကလည်း ပါးစပ်မဟနဲ့
ကူသောက်မယ်ဆိုတဲ့ အသည်းကွဲ၊ ရည်းစားကွဲ၊ တစ်ဖတ်သတ် ချစ်ခြင်းအားကြီးသူများက
အများသားကလား၊ ပိုက်ဆံရှင်းဖို့အချိန်ကျရင်လည်း မှောက်ကုန်တာနဲ့၊ အိမ်ကိုထမ်းပို့ရတာနဲ့၊ မျောက် ခွေးနဲ့တွေ့မှ ဒုတ်ခဆိုတာကို သိရသလိုပဲ။ စီးပွားရေးလေးအဆင်မပြေတဲ့အချိန်မှာ မရှိမဲ့ရှိမဲ့ ပိုက်ဆံက ခါးပိုက်နှိုက်ခံရ။ စိတ်ညစ်ညစ်နဲ့အိမ်ပြန်လာတော့ မှောင်ရိပ်ခိုမှုနဲ့ တစ်ညအိပ်ရ၊ အော်ဒုတ်ခဒုတ်ခ။


နောက်နေ့ ရုံးနောက်ကျလို့ မပေးမနေရ
စည်းကမ်းလေးက 2000 နှိပ်စက်သွားပြန်။ ဒဏ်ကြေးလေးတောင် ရှေ့လကဟာ ချည်းပေးရ၊ စိတ်ညစ်လို့
အိပ်မက်ထဲဝင်ကြည့်တော့ အသည်းကွဲသူနဲ့ ၀မ်းနည်းသူနဲကပါလား။ မယောင်မလည်နဲ့ သူငယ်ချင်းတစ်ယောက် နရင်းအုပ်လိုက်လို့ ကုတ်ချောင်းကုတ်ချောင်းနဲ့ အိပ်မက်ထဲမှာ
ဟိုဖတ်ဒီဖတ် ပြီးရင်တော့ တိတ်တိတ်လေး ပြန်ထွက်၊ ၀င်ရေးဖို့ကလည်း ဘာမှမရေးတတ်။
ရေးချင်စိတ်ရှိပြန်တော့လည်း အင်တာနက်ကမရှိ။ ကွန်ပြူတာလေးရှိပြန်တော့ မီးကမလာ၊ သြော်
ညည်းချင်း 101 ပါးပါလား!!!!


မိုက်မိုက်

No comments:

Post a Comment