2.02.2013

ဝန်ထမ်းရွေးချယ်သူများနှင့် တွေ့ဆုံရာတွင် ရှောင်ကြဉ်ရမည့် အချက် (၄) ချက်

ဝန်ထမ်းရွေးချယ်သူများနှင့် တွေ့ဆုံရာတွင် ရှောင်ကြဉ်ရမည့်
အချက် (၄) ချက်


အလုပ်အင်တာဗျူးတစ်ခုရရန် အရင်ဆုံးဘာကိုဖြတ်ကျော်ရမလဲ။ ၀န်ထမ်းရွေးချယ်သူများကို အရင် ဖြတ်ကျော်ရပါမည်။ ၀န်ထမ်းရွေးချယ်သူများသည် လွတ်နေသောနေရာကို ဖြည့်ခြင်းမျှသာဖြစ်သည်။ ၀န်ထမ်း ရွေးချယ်သူများသည် မည်သည့် အချက်ကိုကြည့်ပြီး ရွေးချယ်မည်ကိုသိသင့်သကဲ့သို့ သူတို့မလုပ်ဆောင်သည့် အရာများကိုလည်း သင်သိသင့်ပေသည်။ ဒါမှ သင်၏နောင်လာမည့် interview ကိုအနှောင့်အယှက်ပေးခြင်း၊ မပြုနိုင်မည်ဖြစ်သည်။

ဝန်ထမ်းရွေးချယ်သူများရှေ့၌ ရှောင်ရန်အချက် (၄) ချက်

1. လိုအပ်သည်ထက်ပို၍ မဆက်ဆံပါနှင့်။

ဝန်ထမ်းရွေးချယ်မည့်သူများသည် နွေးထွေးပျူဌာ၊ ကူညီချင်စိတ်ရှိသူများဖြစ်ပေလိမ့်မည်။ သို့သော် သူတို့၏လုပ်ငန်း ဆောင်တာများကို မမေ့သင့်ပေ။ ၀န်ထမ်းရွေးချယ်သူများကို လုပ်ဖော်ကိုင်ဖက်များအဖြစ်သာ စဉ်းစားသင့်သည်။ ခင်မင် ဖော်ရွှေစွာ ပေါင်းသင်းပါ။ သို့သော်မပိုပါစေနှင့်။ ကိုယ်ရေးကိုယ်တာကိစ္စများ၊ ဟာသများ၊ ပြုမူပြောဆိုခြင်းကိုရှောင်ကြည်ပါ။
သက်ဆိုင်ရာ မန်နေဂျာဖြင့် interview ပြီးပြီဆိုရင်တော့ ၀န်ထမ်းရွေးချယ်သူများ၏ အပြုံးကို သင်ရရှိမည်ဖြစ်သည်။ Interview ဖြေဆိုပြီး သော်ငြားလည်း သင်၏အခြေအနေသည် စောင့်ကြည့်ခံရသော အခြေအနေမျှသာ ရှိသေးသည်။ ၀န်ထမ်းရွေးချယ်သူ၏ ရှေ့တွင် အပိုစကားများကို မပြောပါနှင့်။

2. လမ်းညွှန်မှုများကို မျှော်လင့်မထားပါနှင့်။
ဝန်ထမ်းရွေးချယ်သူများသည် သင်အလုပ်ရရှိရန် ကူညီမည်မဟုတ်။ ကုမ္ပဏီ အလုပ်လိုအပ်ချက်နှင့် သင့်အားညှိနှိုင်း နေခြင်းမျှသာ ဖြစ်သည်။ ၀န်ထမ်းရွေးချယ်သူများသည် သင်၏အသက်မွေးဝမ်းကျောင်းဆိုင်ရာများကို လမ်းညွှန်နေခြင်း မဟုတ်သောကြောင့် သင်၏ CV form, resume အစရှိသည်တို့နှင့် ပတ်သက်၍ အကြံဥာဏ်တောင်းခြင်းများကို မပြုလုပ်သင့်ပေ။ ကုမ္ပဏီအကြောင့်၊ အလုပ်နှင့်ပတ်သက်သည့် အကြောင်းအရာများကိုသာ မေးမြန်းသင့်ပေသည်။ လုပ်ငန်းနှင့် သက်ဆိုင်သောမေးခွန်းများကို မေးခြင်းအားဖြင့် သင့်အားအထင်ကြီးခြင်းကို ရရှိပေလိမ့်မည်။

3. အခြားမလိုအပ်သော မေးခွန်းများကို မမေးပါနှင့်။

ဒီအလုပ်သည် သင့်အတွက် တစ်ခုတည်းသောအလုပ်ဖြစ်သည် ဆိုကြပါစို့ ထိုအလုပ်ရရန်လည်း ခက်ခဲပေလိမ့်မည်။ သင်သည် ထိုရာထူးကို အရေးတကြီးလိုအပ်နေသည်ဟု မပြောမိပါစေနှင့်။ အခြားယှဉ်ပြိုင်သူ များ၏ သတင်းအချက် အလက်များကိုလည်း မမေးမြန်းမိပါစေနှင့်။ ၀န်ထမ်းရွေးချယ်သူများသည် မည်သည့် သတင်းအချက်အလက်ကိုမျှ ပေးမည်မဟုတ်။ ယှဉ်ပြိုင်ခြင်းသည် သင့်အပေါ်သာ မူတည်ပေသည်။
သို့ဖြစ်သော်ငြားလည်း သင်သည်ထိုရာထူးနှင့် ပတ်သက်၍ သိချင်သည်ဆိုပါစို့။ အောက်ပါမေးခွန်းများကိုသာ မေးသင့်ပေသည်။
(i) တခြားယှဉ်ပြိုင်သူတွေကို interview ဦးမှာလား။
(ii) ဒီရာထူးနဲ့ပတ်သက်ပြီး လျှောက်ထားသူ ဘယ်နှယောက်လောက် ရှိသလဲ။
(iii) ဒီရာထူးနှင့် ပတ်သက်ပြီးလျှောက်ထားသူတွေအပေါ် သင်ဘယ်လိုသဘောရှိသလဲ။
(iv) မိမိသည် ထိုရာထူးရရန် အရည်အချင်းပြည့်မှီရဲ့လား စသည့်မေးခွန်းများကိုသာ မေးမြန်းနိုင်ပေသည်။

4. စကားအပိုများကို မတောင်းဆိုပါနှင့်။

သင်သည် အလုပ်ရနိုင်သော်လည်း ထိုရာထူး၌ လျှောက်ထားသူသည် သင်တစ်ယောက်ထဲ မဟုတ်ပေ။ ၀န်ထမ်းရွေးချယ် သူများသည် သင့်အား Manager ထံတွင် ထောက်ခံပြောဆိုပေးမည်မဟုတ်။ လွတ်လပ်နေသောရာထူးကို ဖြည့်ခြင်းသာ ဖြစ်သည်။ ၀န်ထမ်းရွေးချယ်သူများကို Manager ၏ရှေ့၌ သင်၏ကောင်းကြောင်းများ ဖော်ပြရန် မတောင်းဆိုပါနှင့်။ သင် အရည်အချင်းရှိလျှင် သူ့အလိုလိုချီးမွန်းလိမ့်မည်။ Manager အားအပို Message များမပေးပါနှင့်။ သင့်မှာ ယုံကြည်ချက်၊ ဝေဖန်ပိုင်းခြားတတ်တဲ့ စိတ်ရှိကြောင်း manager ရှေ့ရောက်မှ ထုတ်ဖော်ပြောကြားပါ။
တစ်ခုတော့ သတိရပါ။ ၀န်ထမ်းရွေးချယ်သူများ၏ အဆုံးအဖြတ်သည် သင့်ပေါ်တွင်သာ မူတည်ပေလိမ့်မည်။

No comments:

Post a Comment