ရင်ခုန်နေသော သက်မဲ့အရုပ်လေး...
“အရုပ်လေးရေ.. နင့်ကို ငါ အရမ်းချစ်တယ်.. သိလား..” တဲ့
သူခဏခဏပြောတတ်တဲ့ စကားသံလေးကို ကြားယောင်နေမိတယ်...။
အရင်ကဆို စာကြည့်စားပွဲလေးပေါ်က ကွန်ပျူတာလေးဘေးမှာ အမြဲနေခွင့်ရခဲ့တာပါ..။ သူ့မျက်နှာလေးကို နေ့တိုင်းမြင်ခွင့်ရခဲ့တယ်. . သူ့အသံလေးကို အမြဲကြားခဲ့ရတယ်.. ဆော့ကစား ကြည်စယ်မှုတွေကိုလည်း ကြည်နူးခဲ့ရတယ်.. သူ့ရဲ့ ယုယကြင်နာစွာ ပွေ့ဖက်နမ်းရှိုက်မှုတွေကိုလည်း ရင်ခုန်ခဲ့ရပါတယ်..။ အခုတော့ မှောင်မဲမွန်းကြပ်မှုတွေနဲ့ သူ့မျက်နှာ အလင်းရောင်လေးကို မြင်တွေ့ခွင့်ရဖို့ မျှော်လင့်စောင့်စားနေရတဲ့ အရုပ်လေးရယ်ပါ...။
အရုပ်မျိုးစုံရောင်းတဲ့ အရုပ်ဆိုင်ကြီးတစ်ဆိုင်မှာ ဝယ်သူကို စောင့်နေရတဲ့ အရုပ်လေးအဖြစ် နေခဲ့ရတာ နှစ်တွေ တော်တော်ကြာခဲ့ပါတယ်.. ဒီအရုပ်ဆိုင်ကြီးကို စရောက်ခါစက အရုပ်စင်ရဲ့ ရှေ့ဆုံးတန်းမှာ နေခွင့်ရခဲ့သေးတယ်.. အချိန်ကြာလာတာနဲ့အမျှ ဝယ်သူလည်းမရှိလေတော့ တဖြည်းဖြည်း တန်ဖိုးကျကာ အနောက်ဖက်တန်းကို ပို့ခံရတယ်.. အရောင်အသွေးစုံ မျိုးတူပုံတူ အရုပ်လေးတွေ အစုအဖွဲ့အလိုက် အတူတကွနေရချိန်မှာ Koala (ကာဝါးလား) ရုပ်လေးဖြစ်တဲ့ ကျနော်ကတော့ အဖော်မရှိ တစ်ရုပ်တည်း အထီးကျန်စွာနဲ့ပေါ့..။
ဆိုင်ကို အရုပ်ဝယ်သူတွေလာရင် ကိုယ့်ကို ဝယ်နိုးဝယ်နိုးနဲ့ မျှော်လင့်ခဲ့ရတာ နေ့တိုင်းပါ.. တစ်ချို့ဆို ကိုင်ကြည့်ပြီး ပြန်ချသွားကြတယ်.. တစ်ချို့ဆို လည့်တောင်မကြည့်သွားကြဘူး..
ဘာလို့ကျနော့်ကို မဝယ်ကြတာလဲ.!! ကျနော်က ချစ်စရာမကောင်းလို့လား.!!
ရုပ်ဆိုးနေလို့လား.!! ကျနော့် လက်သည်းတွေ ဆူးမှာစိုရိမ်လို့လား.!! Teddy
Bare ရုပ်လေးတွေ.. Pooh ရုပ်လေးတွေကို မနာလိုဖြစ်မိတယ်.. သူတို့ကတော့
ဝယ်သူတွေ ရောက်လာတိုင်း ပျော်ရွှင်မြူးတူးစွာနဲ့ လိုက်ပါသွားကြတာ..
သူတို့တွေ အရုပ်ပိုင်ရှင်တွေနဲ့ ပျော်ရွှင်နေကြမှာကို တွေးမိပြီး
အားကျမိတယ်..။ ကျနော့်ကိုသာ ဝယ်မည့်သူမရှိ.. ကယ်မည့်သူမရှိ.. ဒီဆိုင်ထဲမှာ
တစ်ရက်ပြီးတစ်ရက်...။
ဒီလိုနဲ့ စိတ်ဓါတ်ကျ ပျင်းရိငြီးငွေ့စွာ အိပ်ငိုက်နေတဲ့ နေ့လေးတစ်နေ့မှာပေါ့.. နွေးထွေးညှင်သာသော အထိအတွေ့နဲ့အတူ.. ကျနော်လေ.. သူ့လက်ဖဝါးနုနုလေးပေါ်ကို ရောက်ရှိနေခဲ့ပါပြီ...။ ကျနော့်ကို ပြုံးကြည့်နေတဲ့ သူ့မျက်နှာလေးက ချစ်ခင်စဖွယ် အေးမြကြည်လင်နေတယ်..။ “ချစ်စရာလေး” လို့ ပြောလိုက်တဲ့ သူ့အသံလေးကလည်း ချိုမြိန်နေတယ်..။ ကျနော် ရင်တွေခုန်လာတယ်.. သူ.. ကျနော့်ကို တကယ်ဝယ်တော့မှာလား..!! “ဝယ်ပါနော်.. ကျနော် လိုက်ခဲ့ပါရစေလို့” ပြောလိုက်ချင်တယ်..။ ကျနော့် လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ ဈေးနှုန်းလေးက နည်းနည်းလေးရယ်ပါ...။
ကျနော် ပျော်လိုက်တာဗျာ.. သူ.. ကျနော့်ကို တကယ်ဝယ်လိုက်ပါပြီ.. ကျနော် ဝဋ်ကျွတ်ပြီပေါ့.. ကျနော် သူနဲ့လိုက်သွားရတော့မယ်တဲ့. .
ကျနော် ဒီဆိုင်ထဲက ထွက်သွားရတော့မယ်.. ဆိုင်ထဲက အရုပ်တွေကို ကြည့်မိတော့..
တစ်ချို့ ကျနော့်ကို ပြုံးပြနှုတ်ဆက်နေကြတယ်.. တစ်ချို့ကျတော့လည်း
ကျနော့်ကို မနာလိုဖြစ်နေကြတယ်.. တစ်ချို့ ကျနော့်အတွက် ဝမ်းသာပေးနေကြတယ်..
ကျနော် သူတို့အားလုံးကို လက်ပြနှုတ်ဆက်ရင်း သူလေးရဲ့ခေါ်ဆောင်ရာနောက်ကို ရင်ခုန်ကြည်နူးစွာနဲ့ ကောက်ကောက်ပါအောင် လိုက်သွားခဲ့တော့တာပေါ့...။
သူ့အခန်းလေးက သန့်ပြန့်ပြီး နေချင်စဖွယ် ချစ်စရာလေးပါ.. စာကြည့်စားပွဲလေးပေါ်မှာ ကွန်ပျူတာလေး တစ်လုံးရယ်.. စာအုပ်စင်လေးရယ်.. ခရမ်းချဉ်သီးပင်လေးစိုက်ထား တဲ့
ပန်းအိုးလေးရယ်.. သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်လေးပေါ့.. ကျနော့်
ကျောကုန်းလေးကို သပ်ရင်း “ဟိတ်.!! အရုပ်လေး.. နင်က
အရမ်းချစ်ဖို့ကောင်းတယ်.. ငါနဲ့ အမြဲနေရမယ်နော်” ဆိုပြီး ကျနော့် လက်သည်း
ချွန်ချွန်လေးတွေနဲ့ သူ့ ပါးနုနုလေးကို ကုတ်ခြစ်ဆော့ကစားနေတယ်..
သူ့ပါးပြင်လေးက ချိုအေးတဲ့ မွှေးရနံ့တွေကြောင့် ကျနော့် ရင်တွေခုန်နေတယ်
ဆိုတာတော့ သူမသိလောက်ဘူးထင်ပါတယ်လေ..။
ကျနော့်ကို ခရမ်းချဉ်သီးပင်လေးရဲ့ အကိုင်းလေးပေါ်မှာ အမြဲချိတ်ထားတတ်တယ်.. တစ်ခါတစ်လေ မော်နီတာလေးပေါ်မှာ.. တစ်ခါတစ်လေ စာအုပ်စင်လေးပေါ်မှာ.. တစ်ခါတစ်လေ ဆံပင်လေးတွေကို စုစည်းထားတဲ့ ကလစ်ကလေးနေရမှာ.. တစ်ခါတစ်လေတော့လည်း စိတ်ကူးပေါက်ရင် ပေါက်သလို ကျောပိုးအိပ်လေးမှာ ချိတ်တွယ်ပြီး ကျောင်းကိုခေါ်သွားတတ်သေးတယ် ..
ကျနော်ကတော့ သူဘယ်မှာ ထားထားပါ ကျေနပ်ပျော်ရွှင်နေတာပေါ့..
သူ့မျက်နှာလေးကို အမြဲမြင်ခွင့်ရနေတယ်လေ.. သူ့အသံလေးကို
ကြားနေရတယ်ဆိုတော့..။ သူကျောင်းသွားနေရင်လည်း သူ့ကို မျှော်နေမိတာပေါ့..
အချိန်တိုင်း သူ့နားမှာ ရှိနေချင်တာပါ..။ သူကျောင်းက ပြန်လာရင် ကျနော့်
ခေါင်းလေးကိုပုတ်ပြီး “ဟိတ်.. ပျင်းနေပြီလား..” လို့ နှုတ်ဆက်တတ်တယ်..။
လက်ဖဝါးလေးပေါ်တင်ပြီး ကျနော့်ကို စကားတွေ ပြောနေတတ်သေးတယ်..။
အနမ်းလေးတွေနဲ့ ပါးလေးနားကပ်ထားရင် ကျနော့် ရင်တွေ “တဒိန်းဒိန်း”
နဲ့ပေါ့...။
တစ်ရက်မှာပေါ့ သူအပြင်ကပြန်လာတော့ သူ့လက်လေးထဲမှာ ပန်းရောင်ဖဲကြိုးလေးနဲ့ ထုပ်ထားတဲ့ လက်ဆောင်ထုပ် လှလှလေး တစ်ထုပ်..။ ဘယ်သူပေးလိုက်တဲ့ လက်ဆောင်ပါလိမ့်နော်.. ချစ်သူများ ရနေလေပြီလား..! သူ့မျက်နှာလေးက ကြည်နူးပျော်ရွှင်နေတယ်.. သူပျော်နေတာမြင်တော့ ကျနော်လည်း လိုက်ပျော်တာပေါ့နော်.. သူသာ ငိုနေမယ်ဆို ကျနော်လည်း လိုက်ငိုမိမှာပါ သေချာပါတယ်..။ သူ.. လက်ဆောင်ထုပ်လေးကို ဖေါက်နေတော့ ကျနော်လည်း ရင်ခုန်စွာ စိတ်ဝင်တစား ကြည့်နေမိတယ်.. စက္ကူဗူးအဖုံးလေးကို သူ.. ဖွင့်လိုက်တော့... ကျနော့်လေ စိုရိမ်ထိပ်လန့်သွားမိတယ်.. လက်ဆောင်လေးက ဝက်ဝံရုပ်လေးတစ်ရုပ်..။
စာကြည့်စားပွဲ အံဆွဲလေးထဲက မှောင်မဲမွန်းကြပ်လွန်းနေပါ တယ်..
အခုတော့ ကျနော်ဟာ အံဆွဲလေးထဲမှာ ပိတ်လှောင်ခံနေရပါပြီ.. ဝမ်းနည်းကြေကွဲစွာ
တစ်ယောက်တည်းပေါ့.. ကျနော် အလင်းရောင်ကို မမြင်ရဘူး.. မှောင်မဲနေတယ်...
သော့ပေါက်လေးကနေ သူ့ကိုများ မြင်ရမလားလို့ ရှာဖွေနေမိတယ်.. အံဆွဲလေးနားကို
နီးကပ်လာတဲ့ သူ့လှုပ်ရှားသံလေး တစ်ခုခုများကြားရင် ဆုတောင်းနေရတာအမော..
အံဆွဲလေးကို သူဆွဲဖွင့်လိုက်ပါစေလို့..! !
သူ့မျက်နှာလေး.. သူ့အပြုံးလေးကို မြင်တွေ့ခွင့်ရချင်တယ်..
သူ့လက်ဖဝါးလေးပေါ်ကနေ သူ့မျက်နှာလေးကို ငေးကြည့်နေချင်တယ်.. ဒါပေမဲ့
ကျနော့်ဆုတောင်းလေး မပြည့်ပါဘူး.. အရမ်းနှစ်သက် စွဲလန်းမိတဲ့
သူ့မျက်နှာလေးကိုလည်း မြင်တွေ့ခွင့်မရတော့ပါဘူး.. သူ့ပါးလေးတွေပေါ်က မွှေးညှင်းနုနုလေးတွေကိုရော ဘယ်သူကထိတွေ့လို့နေပြီလဲ..! !
ဟော... သူသီချင်းလေးတစ်ပိုင်းတစ်စ ငြီးနေတယ်.. အရင်ကဆို သူ့သီချင်းသံလေးကို နားထောင်ရင်း သူ့မျက်နှာလေးကို မြတ်မြတ်နိုးနိုး ငေးမောနေခဲ့ဖူးတာလေ.. သူ့ရဲ့နွေးထွေးတဲ့ လက်ဖဝါးလေးတွေနဲ့ ဘယ်သူ့ကိုများယုယစွာ ထွေးပွေ့ထားပြီလဲ..!! အံဆွဲလေးနားက သူ့ခြေသံလေးတွေ ဝေးသွားတယ်.. အိပ်ခန်းလေးကနေထွက်ပြီး.. ထမင်းစားခန်းဖက်ကိုများ လျှောက်နေတာလား.!! သူပြန်ဝင်လာပြန်ပြီ.. ဒါ.. သူလွယ်နေကျ ကျောပိုးအိပ်လေးရဲ့ ဇစ်လေးကို ဆွဲပိတ်လိုက်တဲ့အသံပါ.. သူကျောင်းသွားတော့မှာ.. ဟုတ်တယ်..!! သူအရမ်းကြိုက်တဲ့ ရေမွှေးလေးရော စွပ်ပြီးနေပြီလား.!! သူဘယ်ဖိနပ်လေးစီးမှာလဲ..!! အရင်ကလိုဘဲ သူ့စိတ်ကြိုက် ပြင်ဆင်ပြီးချိန်မှာ မှန်လေးထဲကို ခေါင်းလေးငဲ့ကြည့်ရင်း သူပြုံးနေမှာလား..!!
ကျနော်ဟာ သူ့ကို အရူးအမူးချစ်မိသွားတဲ့ ရင်ခုန်တတ်သော သက်မဲ့အရုပ်လေး တစ်ရုပ်ရယ်ပါ.....။ နရံတွေကို ကုတ်ခြစ်ထားတဲ့ ကျနော့်လက်သည်းလေးတွေ ကြိုးပဲ့ကုန်ပြီ.. ကျနော်ရင်ဘတ်တွေ အောင့်လာတယ်.. မျက်ရည်တွေ ရစ်ဝိုင်းလာတယ်.. အရာရာအားလုံးကို ကျနော် ဆုံးရှုံးသွားခဲ့ပါပြီ.. ကျနော့်ကို အရမ်းချစ်တယ်ဆို...!! ဘယ်နေ့မှာများ ကျနော်ရှိနေတဲ့ အံဆွဲလေးကို ဆွဲဖွင့်ဦးမှာလဲ...!! နောက်ဆုံးတော့ သူ့မျက်နှာလေး မြင်တွေ့ခွင့်ရဖို့.. သူ့နားမှာ အချိန်ပြည့်နေခွင့်ရဖို့.. ပြန်လည် လွတ်မြောက်ရချိန်လေးကို မျှော်လင့်ရင်းနဲ့......။
(ကိုရင်နော်)
“အရုပ်လေးရေ.. နင့်ကို ငါ အရမ်းချစ်တယ်.. သိလား..” တဲ့
သူခဏခဏပြောတတ်တဲ့ စကားသံလေးကို ကြားယောင်နေမိတယ်...။
အရင်ကဆို စာကြည့်စားပွဲလေးပေါ်က ကွန်ပျူတာလေးဘေးမှာ အမြဲနေခွင့်ရခဲ့တာပါ..။ သူ့မျက်နှာလေးကို နေ့တိုင်းမြင်ခွင့်ရခဲ့တယ်.
အရုပ်မျိုးစုံရောင်းတဲ့ အရုပ်ဆိုင်ကြီးတစ်ဆိုင်မှာ ဝယ်သူကို စောင့်နေရတဲ့ အရုပ်လေးအဖြစ် နေခဲ့ရတာ နှစ်တွေ တော်တော်ကြာခဲ့ပါတယ်.. ဒီအရုပ်ဆိုင်ကြီးကို စရောက်ခါစက အရုပ်စင်ရဲ့ ရှေ့ဆုံးတန်းမှာ နေခွင့်ရခဲ့သေးတယ်.. အချိန်ကြာလာတာနဲ့အမျှ ဝယ်သူလည်းမရှိလေတော့ တဖြည်းဖြည်း တန်ဖိုးကျကာ အနောက်ဖက်တန်းကို ပို့ခံရတယ်.. အရောင်အသွေးစုံ မျိုးတူပုံတူ အရုပ်လေးတွေ အစုအဖွဲ့အလိုက် အတူတကွနေရချိန်မှာ Koala (ကာဝါးလား) ရုပ်လေးဖြစ်တဲ့ ကျနော်ကတော့ အဖော်မရှိ တစ်ရုပ်တည်း အထီးကျန်စွာနဲ့ပေါ့..။
ဆိုင်ကို အရုပ်ဝယ်သူတွေလာရင် ကိုယ့်ကို ဝယ်နိုးဝယ်နိုးနဲ့ မျှော်လင့်ခဲ့ရတာ နေ့တိုင်းပါ.. တစ်ချို့ဆို ကိုင်ကြည့်ပြီး ပြန်ချသွားကြတယ်.. တစ်ချို့ဆို လည့်တောင်မကြည့်သွားကြဘူး..
ဒီလိုနဲ့ စိတ်ဓါတ်ကျ ပျင်းရိငြီးငွေ့စွာ အိပ်ငိုက်နေတဲ့ နေ့လေးတစ်နေ့မှာပေါ့.. နွေးထွေးညှင်သာသော အထိအတွေ့နဲ့အတူ.. ကျနော်လေ.. သူ့လက်ဖဝါးနုနုလေးပေါ်ကို ရောက်ရှိနေခဲ့ပါပြီ...။ ကျနော့်ကို ပြုံးကြည့်နေတဲ့ သူ့မျက်နှာလေးက ချစ်ခင်စဖွယ် အေးမြကြည်လင်နေတယ်..။ “ချစ်စရာလေး” လို့ ပြောလိုက်တဲ့ သူ့အသံလေးကလည်း ချိုမြိန်နေတယ်..။ ကျနော် ရင်တွေခုန်လာတယ်.. သူ.. ကျနော့်ကို တကယ်ဝယ်တော့မှာလား..!! “ဝယ်ပါနော်.. ကျနော် လိုက်ခဲ့ပါရစေလို့” ပြောလိုက်ချင်တယ်..။ ကျနော့် လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ ဈေးနှုန်းလေးက နည်းနည်းလေးရယ်ပါ...။
ကျနော် ပျော်လိုက်တာဗျာ.. သူ.. ကျနော့်ကို တကယ်ဝယ်လိုက်ပါပြီ.. ကျနော် ဝဋ်ကျွတ်ပြီပေါ့.. ကျနော် သူနဲ့လိုက်သွားရတော့မယ်တဲ့.
သူ့အခန်းလေးက သန့်ပြန့်ပြီး နေချင်စဖွယ် ချစ်စရာလေးပါ.. စာကြည့်စားပွဲလေးပေါ်မှာ ကွန်ပျူတာလေး တစ်လုံးရယ်.. စာအုပ်စင်လေးရယ်.. ခရမ်းချဉ်သီးပင်လေးစိုက်ထား
ကျနော့်ကို ခရမ်းချဉ်သီးပင်လေးရဲ့ အကိုင်းလေးပေါ်မှာ အမြဲချိတ်ထားတတ်တယ်.. တစ်ခါတစ်လေ မော်နီတာလေးပေါ်မှာ.. တစ်ခါတစ်လေ စာအုပ်စင်လေးပေါ်မှာ.. တစ်ခါတစ်လေ ဆံပင်လေးတွေကို စုစည်းထားတဲ့ ကလစ်ကလေးနေရမှာ.. တစ်ခါတစ်လေတော့လည်း စိတ်ကူးပေါက်ရင် ပေါက်သလို ကျောပိုးအိပ်လေးမှာ ချိတ်တွယ်ပြီး ကျောင်းကိုခေါ်သွားတတ်သေးတယ်
တစ်ရက်မှာပေါ့ သူအပြင်ကပြန်လာတော့ သူ့လက်လေးထဲမှာ ပန်းရောင်ဖဲကြိုးလေးနဲ့ ထုပ်ထားတဲ့ လက်ဆောင်ထုပ် လှလှလေး တစ်ထုပ်..။ ဘယ်သူပေးလိုက်တဲ့ လက်ဆောင်ပါလိမ့်နော်.. ချစ်သူများ ရနေလေပြီလား..! သူ့မျက်နှာလေးက ကြည်နူးပျော်ရွှင်နေတယ်.. သူပျော်နေတာမြင်တော့ ကျနော်လည်း လိုက်ပျော်တာပေါ့နော်.. သူသာ ငိုနေမယ်ဆို ကျနော်လည်း လိုက်ငိုမိမှာပါ သေချာပါတယ်..။ သူ.. လက်ဆောင်ထုပ်လေးကို ဖေါက်နေတော့ ကျနော်လည်း ရင်ခုန်စွာ စိတ်ဝင်တစား ကြည့်နေမိတယ်.. စက္ကူဗူးအဖုံးလေးကို သူ.. ဖွင့်လိုက်တော့... ကျနော့်လေ စိုရိမ်ထိပ်လန့်သွားမိတယ်..
စာကြည့်စားပွဲ အံဆွဲလေးထဲက မှောင်မဲမွန်းကြပ်လွန်းနေပါ
ဟော... သူသီချင်းလေးတစ်ပိုင်းတစ်စ ငြီးနေတယ်.. အရင်ကဆို သူ့သီချင်းသံလေးကို နားထောင်ရင်း သူ့မျက်နှာလေးကို မြတ်မြတ်နိုးနိုး ငေးမောနေခဲ့ဖူးတာလေ.. သူ့ရဲ့နွေးထွေးတဲ့ လက်ဖဝါးလေးတွေနဲ့ ဘယ်သူ့ကိုများယုယစွာ ထွေးပွေ့ထားပြီလဲ..!! အံဆွဲလေးနားက သူ့ခြေသံလေးတွေ ဝေးသွားတယ်.. အိပ်ခန်းလေးကနေထွက်ပြီး.. ထမင်းစားခန်းဖက်ကိုများ လျှောက်နေတာလား.!! သူပြန်ဝင်လာပြန်ပြီ.. ဒါ.. သူလွယ်နေကျ ကျောပိုးအိပ်လေးရဲ့ ဇစ်လေးကို ဆွဲပိတ်လိုက်တဲ့အသံပါ.. သူကျောင်းသွားတော့မှာ.. ဟုတ်တယ်..!! သူအရမ်းကြိုက်တဲ့ ရေမွှေးလေးရော စွပ်ပြီးနေပြီလား.!! သူဘယ်ဖိနပ်လေးစီးမှာလဲ..!! အရင်ကလိုဘဲ သူ့စိတ်ကြိုက် ပြင်ဆင်ပြီးချိန်မှာ မှန်လေးထဲကို ခေါင်းလေးငဲ့ကြည့်ရင်း သူပြုံးနေမှာလား..!!
ကျနော်ဟာ သူ့ကို အရူးအမူးချစ်မိသွားတဲ့ ရင်ခုန်တတ်သော သက်မဲ့အရုပ်လေး တစ်ရုပ်ရယ်ပါ.....။ နရံတွေကို ကုတ်ခြစ်ထားတဲ့ ကျနော့်လက်သည်းလေးတွေ ကြိုးပဲ့ကုန်ပြီ.. ကျနော်ရင်ဘတ်တွေ အောင့်လာတယ်.. မျက်ရည်တွေ ရစ်ဝိုင်းလာတယ်.. အရာရာအားလုံးကို ကျနော် ဆုံးရှုံးသွားခဲ့ပါပြီ.. ကျနော့်ကို အရမ်းချစ်တယ်ဆို...!! ဘယ်နေ့မှာများ ကျနော်ရှိနေတဲ့ အံဆွဲလေးကို ဆွဲဖွင့်ဦးမှာလဲ...!! နောက်ဆုံးတော့ သူ့မျက်နှာလေး မြင်တွေ့ခွင့်ရဖို့.. သူ့နားမှာ အချိန်ပြည့်နေခွင့်ရဖို့.. ပြန်လည် လွတ်မြောက်ရချိန်လေးကို မျှော်လင့်ရင်းနဲ့......။
(ကိုရင်နော်)
No comments:
Post a Comment