2.02.2013

နေတတ်ရင် ကျေနပ်စရာပါ

နေတတ်ရင် ကျေနပ်စရာပါ

တစ်ခါတုန်းက တံငါသည် တစ်ယောက်ဟာ ငါးဖမ်းပြီးတဲ့ အချိန်မှာ ဘောတံတား ဆိပ်ခံလေးမှာ အေးအေးဆေးဆေးပဲ ထိုင်ပြီး ဆေးလိပ်သောက်နေပါတယ်။ အဲဒီမှာ သူဌေးတစ်ယောက်က ဖြတ်လာတော့ “ ဟေ့ကောင် မင်းနေ့လည်ကြီး ရှိသေးတယ်၊ အချိန်တွေ အများကြီး ကျန်သေးတာပဲ ငါးမဖမ်းတော့ဘူးလား ” လို့မေးပါတယ်။ တံငါသည်က “ မဖမ်းတော့ဘူးလေ ပြီးပြီ” ဆိုတော့ သူဌေးက “ ဟာကွာ မင်းမှာ အချိန်တွေ အများကြီး ရှိသေးတာပဲ။ ဆက်ဖမ်းရင် ငါးတွေရမှာပေါ့” ဆိုတော့ တံငါသည်က “ ပြီးတော့ရော” တဲ့ ။ “ ပြီးတော့ ပိုက်ဆံတွေ ထပ်ရရင် မင်းနောက်ထပ် ငါးဖမ်းစက်လှေ ၀ယ်ပေါ့ ။ ငါးဖမ်းစက်လှေ ၀ယ်ပြီးရင် မင်းငါးတွေ အများကြီး ရမှာလေ ” တဲ့။ တံငါသည်က “ ပြီးတော့ရော” တဲ့။ ဟာ ဒါဆို မင်းဒေါ်လာတွေ အများကြီး ရမှာလေ။ နောက်ထပ် ငါးဖမ်း သင်္ဘောတွေ ၀ယ်ပေါ့ကွ ” ဆိုတော့ ပြီးတော့ရောတဲ့ “ မင်းက စည်သွပ်ဘူး စက်ရုံပါတည်လေ ဖမ်းပြီးသား ငါးတွေကို စည်သွပ်ဘူး လုပ်ပြီး ကမ္ဘာ ဖြန့်ပေါ့ကွ ။ ဒါဆို မင်းအရမ်း ကြီးပွားမှာပေါ့” တဲ့ ။ တံငါသည်က ဆက်ပြီး “ ပြီးတော့ရော” တဲ့ “ ဒေါ်လာတွေ အများကြီးရပြီး မင်းချမ်းသာသွားပြီလေ မင်းစားချင်တာစား သွားချင်တာသွား မင်းနေချင်သလို အေးအေး ဆေးဆေး နေလို့ရပြီလေ” လို့ဆိုတော့ တံငါသည်က “ ဒါဆိုရင် ကျွန်တော် အခု ဘယ်လိုနေလဲ” တဲ့။

စဉ်းစားစရာလေးပါပဲ။ အေးအေးဆေးဆေးနဲ့ ကိုယ့်ဘ၀ကိုယ် ကျေနပ်နေမယ် နေတတ်နေမယ်ဆိုရင် လောကကြီးက ပျော်စရာပါ။ ဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ဖြတ်သန်းပြီး ကိုယ့်စားဝတ်နေရေးလည်း ပြည့်စုံနေမယ် ကိုယ့်ဘ၀လေးလည်း တိုးတက်နေမယ် ကိုယ်ပါတ်ဝန်းကျင်ကိုလည်း ကိုယ်တတ်နိုင်သလောက် အကျိုးပြုနေမယ်ဆိုရင် ဘ၀က တန်ပါတယ်။ တန်တဲ့ ဘ၀ကို ရဖို့ဆိုတာ ကိုယ်ကလည်း နေတတ်ဖို့ အရေးကြီးပါတယ်။

No comments:

Post a Comment