ဓမ္မတရား ဟောကြားခြင်းကို ဘုရားရှင် ခွင့်ပြုတော်မူပုံ။
•••••••••••••••••••••••••• •••••••••••••••••••••
အခါတစ်ပါး၊ ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးနေတော်မူစဉ်
ရဟန်းတို့အား ဤသို့ဟောတော်မူ၏။
ရဟန်းတို့ - ဤသူနာသုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။
• ဤလောက၌ အချို့သောသူနာသည် သင့်လျော်သော အစားအစာ,
သင့်လျော်သော ဆေး, သင့်လျော်သော သူနာပြုတို့ကို
ရသော်လည်းကောင်း, မရသော်လည်းကောင်း ထိုရောဂါဝေဒနာမှ
မထမြောက်။
• အချို့သောသူနာသည် သင့်လျော်သော အစားအစာ, သင့်လျော်သော
ဆေး, သင့်လျော်သော သူနာပြုတို့ကို ရသော်လည်းကောင်း, မရသော်
လည်းကောင်း ထိုရောဂါဝေဒနာမှ ထမြောက်၏။

ဆေး, သင့်လျော်သော သူနာပြုတို့ကို ရမှသာလျှင် ထိုရောဂါဝေဒနာမှ
ထမြောက်နိုင်၏။ မရသော် ထိုရောဂါဝေဒနာမှ မထမြောက်နိုင်။
ထိုသူနာသုံးမျိုးတို့တွင်၊ အကြင်သူနာသည် သင့်လျော်သော အစားအစာ, ဆေး, သူနာပြုတို့ကို ရမှသာလျှင် ထိုရောဂါဝေဒနာမှ ထမြောက်နိုင်သည်။ ဤသူနာကို အကြောင်းပြု၍၊ သူနာအား လျောက်ပတ်သော ဆွမ်း, အထောက်အပံ့ဖြစ်သော ဆေး, သူနာပြုကို ခွင့်ပြုတော်မူ၏။ ဤသူနာကို အကြောင်းပြု၍ အခြားသူနာတို့ကိုလည်း လုပ်ကျွေးပြုစုအပ်ကုန်၏။
ရဟန်းတို့ - ဤအတူသာလျှင် သူနာနှင့်တူသော ပုဂ္ဂိုလ်သုံးမျိုးတို့သည်
လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးနည်းဟူမူ -
• ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရားကို ဖူးမြော်ရသော်လည်းကောင်း, မဖူးမြော်ရသော်လည်းကောင်း . .
မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ် အဘိဓမ္မာ ၀ိနည်းကို ကြားနာရသော်လည်းကောင်း, မကြားနာရသော်လည်းကောင်း . .
ကုသိုလ်တရားတို့၌ ဖြောင့်မှန်သောသဘောရှိသော မြဲသောအရိယာမဂ်သို့
မသက်ဝင်နိုင်။
• အချို့သောပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရားကို ဖူးမြော်ရသော်လည်းကောင်း, မဖူးမြော်ရသော်လည်းကောင်း . .

သက်ဝင်နိုင်၏။
• အချို့သောပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရားကို ဖူးမြော်ရမှသာလျှင်,
မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ် အဘိဓမ္မာ ၀ိနည်း ကို
ကြားနာရမှသာလျှင် . .

မဖူးမြော်, မကြားနာရသော် . .

ရဟန်းတို့ - ထိုပုဂ္ဂိုလ်သုံးမျိုးတို့တွ င်
အကြင်ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြော်ရမှသာလျှင်, မြတ်စွာဘုရား
ဟောကြားတော်မူအပ်သော သုတ် အဘိဓမ္မာ ၀ိနည်း ကို ကြားနာရမှသာလျှင်
ကုသိုလ်တရားတို့၌ ဖြောင့်မှန်သောသဘောရှိသော မြဲသောအရိယာမဂ်သို့
သက်ဝင်နိုင်၏။
မဖူးမြော်, မကြားနာရပါက မသက်ဝင်နိုင်။
ရဟန်းတို့ - ဤပုဂ္ဂိုလ်ကို အကြောင်းပြု၍ တရားဟောခြင်းကို ခွင့်ပြုတော် မူ၏။ ဤပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားသူတို့အားလည်း တရားကို ဟောကြားအပ်၏ ဟု မိန့်တော်မူလေသတည်း။
( အင်္ဂုတ္တိုရ်ပါဠိတော်၊ ပုဂ္ဂလ၀ဂ်၊ ဂိလာနသုတ် )
••••••••••••••••••••••••••
အခါတစ်ပါး၊ ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးနေတော်မူစဉ်
ရဟန်းတို့အား ဤသို့ဟောတော်မူ၏။
ရဟန်းတို့ - ဤသူနာသုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။
• ဤလောက၌ အချို့သောသူနာသည် သင့်လျော်သော အစားအစာ,
သင့်လျော်သော ဆေး, သင့်လျော်သော သူနာပြုတို့ကို
ရသော်လည်းကောင်း, မရသော်လည်းကောင်း ထိုရောဂါဝေဒနာမှ
မထမြောက်။
• အချို့သောသူနာသည် သင့်လျော်သော အစားအစာ, သင့်လျော်သော
ဆေး, သင့်လျော်သော သူနာပြုတို့ကို ရသော်လည်းကောင်း, မရသော်
လည်းကောင်း ထိုရောဂါဝေဒနာမှ ထမြောက်၏။
• အချို့သောသူနာသည် သင့်လျော်သော အစားအစာ, သင့်လျော်သော
ဆေး, သင့်လျော်သော သူနာပြုတို့ကို ရမှသာလျှင် ထိုရောဂါဝေဒနာမှ
ထမြောက်နိုင်၏။ မရသော် ထိုရောဂါဝေဒနာမှ မထမြောက်နိုင်။
ထိုသူနာသုံးမျိုးတို့တွင်၊ အကြင်သူနာသည် သင့်လျော်သော အစားအစာ, ဆေး, သူနာပြုတို့ကို ရမှသာလျှင် ထိုရောဂါဝေဒနာမှ ထမြောက်နိုင်သည်။ ဤသူနာကို အကြောင်းပြု၍၊ သူနာအား လျောက်ပတ်သော ဆွမ်း, အထောက်အပံ့ဖြစ်သော ဆေး, သူနာပြုကို ခွင့်ပြုတော်မူ၏။ ဤသူနာကို အကြောင်းပြု၍ အခြားသူနာတို့ကိုလည်း လုပ်ကျွေးပြုစုအပ်ကုန်၏။
ရဟန်းတို့ - ဤအတူသာလျှင် သူနာနှင့်တူသော ပုဂ္ဂိုလ်သုံးမျိုးတို့သည်
လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးနည်းဟူမူ -
• ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရားကို ဖူးမြော်ရသော်လည်းကောင်း, မဖူးမြော်ရသော်လည်းကောင်း . .
မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ် အဘိဓမ္မာ ၀ိနည်းကို ကြားနာရသော်လည်းကောင်း, မကြားနာရသော်လည်းကောင်း . .
ကုသိုလ်တရားတို့၌ ဖြောင့်မှန်သောသဘောရှိသော မြဲသောအရိယာမဂ်သို့
မသက်ဝင်နိုင်။
• အချို့သောပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရားကို ဖူးမြော်ရသော်လည်းကောင်း, မဖူးမြော်ရသော်လည်းကောင်း . .
မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ် အဘိဓမ္မာ ၀ိနည်းကို ကြားနာရသော်လည်းကောင်း, မကြားနာရသော်လည်းကောင်း . .
ကုသိုလ်တရားတို့၌ ဖြောင့်မှန်သောသဘောရှိသော မြဲသောအရိယာမဂ်သို့
သက်ဝင်နိုင်၏။
• အချို့သောပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရားကို ဖူးမြော်ရမှသာလျှင်,
မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ် အဘိဓမ္မာ ၀ိနည်း ကို
ကြားနာရမှသာလျှင် . .
ကုသိုလ်တရားတို့၌ ဖြောင့်မှန်သောသဘောရှိသော မြဲသောအရိယာမဂ်သို့
သက်ဝင်နိုင်၏။
မဖူးမြော်, မကြားနာရသော် . .
ကုသိုလ်တရားတို့၌ ဖြောင့်မှန်သောသဘောရှိသော မြဲသောအရိယာမဂ်သို့
မသက်ဝင်နိုင်။
ရဟန်းတို့ - ထိုပုဂ္ဂိုလ်သုံးမျိုးတို့တွ
မဖူးမြော်, မကြားနာရပါက မသက်ဝင်နိုင်။
ရဟန်းတို့ - ဤပုဂ္ဂိုလ်ကို အကြောင်းပြု၍ တရားဟောခြင်းကို ခွင့်ပြုတော် မူ၏။ ဤပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားသူတို့အားလည်း တရားကို ဟောကြားအပ်၏ ဟု မိန့်တော်မူလေသတည်း။
( အင်္ဂုတ္တိုရ်ပါဠိတော်၊ ပုဂ္ဂလ၀ဂ်၊ ဂိလာနသုတ် )
No comments:
Post a Comment